ညောင်တုန်း စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပလပ်စတစ်အိတ် အသုံးပြုမှု လျှော့ချရေး အသိပညာပေးခြင်းကို ယနေ့နံနက် ၇ ခွဲအချိန်က မြို့နယ်အတွင်းရှိ စည်ပင်သာယာ ဈေးများတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီက ဦးဆောင်၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် စည်ပင်သာရေးအဖွဲ့နှင့် ဈေးကော်မတီမှ တာဝန်ရှိသူများက ပလပ်စတစ်အိတ် အသုံးပြုမှု လျှော့ချရေးအတွက် ပလပ်စတစ်အိတ်အစား ပျက်ဆီးလွယ်သော အင်ဖက်၊ ငှက်ပျောဖက်၊ စက္ကူများဖြင့် အစားထိုးသုံးစွဲရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာပေး ဆိုင်းဘုတ်များစိုက်ထူခြင်း၊ လက်ကိုင်စပီကာဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ညောင်တုန်းမြို့နယ ်အတွင်းရှိ ဈေးများတွင် ပလပ်စတစ်အိတ် အသုံးပြုမှုလျှော့ချရေး အတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့ အဖြစ် သတ်မှတ် ဆောင်ရွက်လျှက် ရှိကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
မြို့နယ်(ပြန်ဆက်)