ကရင်ပြည်နယ်၊ ဘားအံမြို့ ကော့ဝါးစူးကျေးရွာတွင် မီးလောင်မှုဖြစ်ပွား၍ လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးပြီး အသက်(၆၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံး

ဘားအံ စက်တင်ဘာ ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကော့ဝါးစူးကျေးရွာရှိ ၂၀ ပေ-၃၀ ပေ  သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ တစ်ထပ်နေအိမ်တစ်လုံး ယမန်နေ့ည (၁၀)နာရီ (၂၅)မိနစ်အချိန်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ကော့ဝါးစူးကျေးရွာနေ အသက်(၆၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဖယောင်းတိုင်မီး (၂၀)ခန့်အား အိပ်ခန်းအတွင်း မီးထွန်းထားရှိပြီး သမီးဖြစ်သူနှင့်အတူ အိပ်စက်နားနေစဉ်  အိပ်ယာခင်းမှ တစ်ဆင့် မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားသည့်နေရာသို့ ဘားအံမြို့နယ်၊ အိန္နုနယ်မြေ မီးသတ်စခန်းမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးငြိမ်းသတ်ယာဉ် တစ်စီး၊ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် (၅)ဦး တို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ည(၁၀)နာရီ (၅၅)မိနစ်အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် အဆိုပါနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး အသက် (၆၈) နှစ်အရွယ်ရှိသော အမျိုးသမီးမှာ မီးလောင်ခံရ၍ သေဆုံးခဲ့ကြောင်းနှင့်   မီးလောင်မှုနှင့်ပတ်သက်၍ ထုံးအိုင် နယ်မြေ ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်