ပေါင် စက်တင်ဘာ ၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာအုပ်စုတွင် အထက(ခွဲ)မှ အထကကျောင်း အဆင့်တိုးမြှင့်ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက ရွှေဟင်္သာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးမြသွင် က ယခုအထက ကျောင်းဖွင့်လှစ်ရသည်မှာ လွန်ခဲ့သော ၁၉၇၁ ခုနှစ်က အမကကျောင်းကို စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်မှ အထကကျောင်းအဖြစ် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း အထကကျောင်းဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှကူညီပံ့ပိုးပေးကြသော ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ရပ်မိရပ်ဖများ၏ ကြိုးစားအားထုတ်မှုဖြစ်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် လူမှုရေးဝန်ကြီး ဦးမြတ်သွင် က ကျောင်းအတွက် ဗလာစာအုပ် ဒါဇင်(၁၀၀) ကိုလည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက Desk Top ကွန်ပျူတာ (၅)လုံးကိုလည်းကောင်း လှူဒါန်းပေးခဲ့သည်။
ဆက်လက်၍ အထကကျောင်းမြှင့်တင်ရေး ဖွင့်လှစ်ခြင်းကို ကျေးရွာဆရာတော်ကြီး၊ မွန်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းဆိုင်းဘုတ်အား အမွှေးနံသာများဖြင့် ပက်ဖြန်းပေးခဲ့ကြသည်။
အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ ရပ်မိရပ်ဖများ၊ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
မွန်မလေး