ဟိုပန် စက်တင်ဘာ ၄
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်က “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လွင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ပေးသည့် ငွေကျပ်(၅)ဘီလီယံအပေါ် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဘဏ္ဍာငွေသုံးစွဲခြင်းနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့် အချက်များ၊ ဘဏ္ဍာငွေသုံးစွဲရာတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် (၃၅/၂၀၁၇) ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ ဘတ်ဂျက်နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက်တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သိရှိလိုသည်များကို မေးမြန်းရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြန်လည်ဖြေကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်