သာစည်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၂)ဖွင့်လှစ်
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးကြပ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ မီးသတ်ပညာနှင့်ရှာဖွေကယ်ဆယ်ရေးပညာရပ်များကို ကျွမ်းကျင်စွာတတ်မြောက်စေရန် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာန၌ ပြုလုပ်ကြောင်း သိရသည်။