မွန်ပြည်နယ် ၀န်ကြီးချုပ် အားကစားဥယျာဉ်ရှိ အားကစားရုံ (၂၀၀ ပေ × ၁၃၀ ပေ) အဆောက်အဦး ပန္နက်တော်တင် မင်္ဂလာအခမ်းအနား တက်ရောက်
မွန်ပြည်နယ် အားကစားဥယျာဉ်ရှိ အားကစားရုံ (၂၀၀ ပေ × ၁၃၀ ပေ) အဆောက်အဦး ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့နယ်၊ မင်းရွာကျေးရွာ၊ ပြည်နယ်အားကစားဥယျာဉ်၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။