ကျုံပျော်မြို့တွင် အခြေခံစားသောက်ကုန် (၄)မျိုးကို (၄၀၀၀) ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့

ကျုံပျော် စက်တင်ဘာ ၅

ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဆန်နှင့် အခြေခံစားသောက်ကုန် (၄)မျိုးကို (၄၀၀၀)ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော် ခရိုင်၊ ကျုံပျော်မြို့နယ်၊ အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ နံနက် ၇ နာရီအချိန်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၂) ဦးရန်နိုင်ဝင်းနှင့် ဌာန ဆိုင်ရာအကြီးအကဲများက သွားရောက်ကြည့်ရှု၍ ဈေးရောင်းဝယ်နေမှုများကို အားပေးခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။

ရောင်းချရာတွင် အိမ်ထောင်စုတစ်စုအတွက် ဆင်းသုခ ဆန်(၂)ပြည်၊ မကျည်းသီးမှည့်(၁)ထုပ်၊ ငါးခြောက် (၁)ထုပ်နှင့် ဆား(၁)ထုပ် စုစုပေါင်း ပစ္စည်း(၄)မျိုးတို့အား (၄၀၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စုပေါင်း (၁၂၀)တို့ ထံသို့ အထူးဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း၊ ဝယ်ယူသူ အိမ်ထောင်စုများကလည်း ဝမ်းမြောက်လျက်ရှိကြကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)