ဇလွန် စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ ညောင်ပင်စျေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် အခြေခံ စားသောက်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ယနေ့ နံနက် ၁၀ နာရီတွင် ရောင်းချပေးခဲ့ သည်။
ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် အခြေခံစားသောက်ကုန်များအား သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးရာတွင် ဆင်းသုခဆန်တစ်ပြည်လျှင်(၁၅၀၀)ကျပ်နှုန်းဖြင့် ဆန်အိတ်(၂၀)ကို လည်းကောင်း၊ ကြက်ဥသုံးလုံးလျှင် (၅၀၀) ကျပ်နှုန်းဖြင့် ကြက်ဥ(၁၅၀၀)လုံးကို လည်းကောင်း သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခဲ့ပြီး ဟင်းသီးဟင်းရွက်မျိုးစုံ (၁၅၀၀၀၀) ခန့်ကို အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)