ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁၂/၂၀၂၂) ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေး အမှတ်စဉ်(၁၂/၂၀၂၂)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။

ငပုတောမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ရပ်ကွက်ကျေးရွာများတွင် အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမူရေးနှင့် စည်းရုံးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ(၄)ရက်နေ့ နေ့လည် (၁၂)နာရီအချိန်ခန့်က သင်္ကန်းကုန်း‌ကျေးရွာ၊ အထကကျောင်းတွင် ကျင်းပခဲ့သည်။

ရေတာရှည်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်​ရေး(မွမ်းမံ)သင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်​ရေး(မွမ်းမံ)သင်တန်းအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန၌ ဖွင့်လှစ်ခဲ့သည်။

သာပေါင်းမြို့နယ်တွင် သက်သာသောစျေးနှုန်းဖြင့် ဆန်များ ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် ဆန်များ ရောင်းချပေးနေလျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီအချိန်မှစတင်၍ အမှတ်(၂)ရပ်ကွက်၊ သီရိရွှေသာဈေးရှေ့ ဧရာဝတီဘဏ်မျက်နှာစာတွင် ရောင်းချပေး နေလျက်ရှိသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် E-Library Management System Software အသုံးပြုနည်း ဆင့်ပွား သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် E-Library Management System Software အသုံးပြုနည်းဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် မွန်းလွဲ ၁ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ် ကျေးလက်ကျန်းမာရေးဌာန၌ တတိယအကြိမ် ကိုဗစ်ရောဂါ ကာကွယ်ဆေးနှင့် အသက်(၂)နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် နတ်သံကွင်းဒေသ ကျေးလက်ကျန်းမာရေးဆေးခန်း၌ ယမန်နေ့နံနက် ၉ နာရီတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန စီမံမှုဖြင့် ကျေးလက်ကျန်းမာရေးမှူးနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ တတိယအကြိမ် ကိုဗစ်ရောဂါကာကွယ်ဆေးနှင့် အသက်(၂)နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်ခဲ့သည်။

ဆွမ်ပရာဘွမ်မြို့နယ်၊ ခင်ဒူယန်ကျေးရွာ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဏာရေးနှစ်အတွင်း ဂါလံ ၂၀၀၀ ဆံ့ ရေစုကန် ဆောက်လုပ်ပြီးစီး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဏာရေးအတွင်း ဂါလံ ၂၀၀၀ ဆံ့ ရေစုကန်ကို ခင်ဒူယန်ကျေးရွာ၌ ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရှိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် စာ‌ပေဖတ်ရှုမှု ပိုမိုမြင့်မားလာ‌စေရေး ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက်စာအုပ်စာစောင်များ ငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ၊ ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့်‌ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ(၁:၀၀)နာရီက အခြေခံပညာကျောင်းများသို့ သွားရောက်‌ငှားရမ်းပေးကြောင်း သိရသည်။
Subscribe to