လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းကျင်းပ

လှိုင်းဘွဲ  စက်တင်ဘာ  ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာ ရဲမြင့် (စွန့်ဦးတီထွင်) ရေးသားထားသော “ကိုယ်ကျင့်တရား”စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နေ့လယ်ပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဒုတိယဦးစီးမှူး ဒေါ်ဒီမွန်ကျော်က ကျောင်းသား၊ကျောင်းသူများအနေ ဖြင့် မိမိအနာဂတ်အတွက် ရည်ရွယ်ချက်မြင့်မြင့်ထားခြင်း၊ ဗဟုသုတများတိုးပွားဖို့အတွက် စာအုပ်စာပေများကို လေ့လာဖတ်ရှုရမည်ဖြစ် ကြောင်းနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် နန်းအေးအေးခင်က ကိုယ်ကျင့်တရားတွေဘာဖြစ်ကုန်ပြီလဲ၊ မောင်မင်းခန့်အောင်က ရွှေအခွင့်အရေးကို အရယူခြင်းနှင့် မောင်ဟိန်းထက်ကိုက မီးဒပ်စ်ရဲ့ရွှေလက်ကို ရအောင်လုပ်နည်းတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စောဖိုးခွါး(ပြန်/ဆက်)