လောင်းလုံး စက်တင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အသက် (၉) နှစ်မှ (၁၀) နှစ် အထိ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာကျောင်းများတွင် ကွင်းဆင်၍ ထိုးနှံပးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးပေးရာ၌ မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမင်းညွှန့်ဝင်းက အမျိုးသမီးများအဖြစ်များသော သားအိမ်ခေါင်းကင်ဆာ ရောဂါများကို လျော့ကျစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးပေးရာတွင် လောင်းလုံးမြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာမင်းညွှန့်ဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သိန်းသိန်း (လောင်းလုံး)