ငရုတ်ကောင်း စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ နံ့သာပုကျေးရွာအုပ်စု၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငရုတ်ကောင်းမြို့ရုံးမှ တာဝန်ရှိသူများက Door to Door စနစ်ဖြင့် အိမ်ထောင်စု စာရင်းများ ကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့က သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငရုတ်ကောင်းမြို့ရုံးမှ တာဝန်ရှိသူများက Door to Door စနစ်ဖြင့်အိမ်ထောင်စုစာရင်းများ ကောက်ယူခြင်း၊ အိမ်ထောင်စု၊ လူဦးရေစာရင်းများ မှန်ကန်စေရန်အတွက် Door to Door စနစ်ဖြင့် ဆောင်ရွက်ရာတွင် သေဆုံးသူများ ပယ်ဖျက်၍ မွေးဖွားသူများကို မွေးတိုးစာရင်းဆောင်ရွက်ခြင်း၊ သေဆုံးသူများကို စာရင်းမှ ပယ်ထုတ်ခြင်း၊ အကွက်အပေါက် တိုက်ဆိုင်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ Door to Door စနစ်ဖြင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦး၊ ပမ္မဝတီရေတပ်စခန်း ဌာနချုပ်မှ ဗိုလ်ကြီး မြတ်သန်းထွန်း၊ ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်ဦးထွန်းလင်းထက်နှင့် မီးသတ်တပ်ဖွဲ့မှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသူရအောင်တို့က ကျေးရွာနေပြည်သူများ Door to Door စနစ်ဖြင့် အိမ်ထောင်စုစာရင်းများ လာရောက်ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
ငရုတ်ကောင်း(ပြန်/ဆက်)