မန္တလေး စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တံခွန်တိုင်ရပ်ကွက်၊ အမှတ်(၃၂)အခြေခံပညာအထက် တန်းကျောင်း၌ ယနေ့နေ့လယ် ၁ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ယခုလို ကာကွယ်ဆေးထိုးနှံရခြင်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လွှမ်းခြုံမှု အလျင် အမြန်ရရှိစေရန် ရည်ရွယ်၍ ထိုးနှံပေးခြင်းဖြစ်ပြီး၊ ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန် တိုင်းပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ပေးပြီး ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးပြီးသော ကျောင်းသား/ ကျောင်းသူများကို (၁၅)မိနစ်ခန့် သီးသန့်အခန်းတွင်ထားရှိစောင့်ကြည့်ပြီးမှ သက်ဆိုင်ရာ စာသင်ခန်းများသို့ ပြန်သွားစေကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးကို ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်မြတ်မိုးဦးနှင့်ကျန်းမာရေးဝန်းများက ထိုးနှံပေးခဲ့ပြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ အမှတ်(၃၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင် ရွှေနှင့်ကျောင်းဆရာ/ ဆရာမများက ပူးပေါင်းပါဝင်ကူညီပေးခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၂၀) ဦးကျော် ထိုးနှံခဲ့ကြကြောင်း သိရသည်။
ကျော်ကျော်အောင် (ခရိုင် ပြန်/ဆက်)