အင်္ဂပူမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ် အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် စက်တင်ဘာ ၂ ရက်နေ့ နေ့လယ်ပိုင်းက ကျွဲဇင်းအုပ်စု ကျွဲဇင်းရွာကျေးရွာ ဓမ္မာရုံတွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့လူထုအခြေပြုဗဟိုဌာနတွင် လူငယ်များ ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန် ပြိုင်ပွဲများကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူလေးများ ကာယ၊ ဉာဏစွမ်းရည် များဖွံ့ဖြိုးတိုးတက်စေရန်  ယနေ့နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် နေ့စဉ်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် နေ့စဥ်နံနက် ၉နာရီခွဲအချိန်မှစ၍ ထိုးနှံပေး လျက်ရှိသိရသည်။

မိုင်းရှူးမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မိုင်းရှူးမြို့နယ် မီးသတ်စခန်း၌ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းရွာသစ်မြို့မဲလရောကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေများလက်ဝယ်အရောက်ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ်အောက် ကလေးငယ်များ အာဟာရပြည့်ဝရေးအတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂)နှစ်အောက်ကလေးငယ်များအတွက် (MCCT)ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က မဲလရောကျေးရွာတွင် ကျေးရွာ အုပ်စုတာဝန်ရှိသူများက လက်ဝယ်အရောက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် Community Centre ခန်းမ၌ စာအုပ်မိတ်ဆက်ပွဲကျင်းပ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယနေ့နံနက် (၁၀)နာရီက စာရေးဆရာမ သဒ္ဓါဆွေ၏ စိတ်၏ခြေရာ ဖြန့်ကျက်ခြင်း စာအုပ်မိတ်ဆက်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club များကစာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင်စာဖတ်ခြင်း၏အကျိုးကျေးဇူးသိရှိစေရန်လူငယ်လူရွယ်များ  အကောင်းဆိုးအမှားအမှန်  ဝေဖန်ပိုင်းခြားနိုင်ရန်နှင့်  အသိပညာဗဟုသုတများ ကြွယ်ဝလာ စေရန်ရည်ရွယ်ပြီး   Book  Club အဖွဲ့ဝင်များက    စာရေးဆရာ ဦးခင်မာလာ (ကြာဖြူ) ၏   “ယုန်ကလေးနှင့် နာစေးနေသည်” စာအုပ်အားယနေ့နံနက် (၁၀) နာရီအချိန်က  သံတောင်ကြီး မြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre  ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး ဟင်္သာတမြို့နယ်အတွင်းရှိ ပဲတီစိမ်းစိုက်တောင်သူများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် အဖွဲ့သည် ဟင်္သာတမြို့နယ်အတွင်းရှိ ပဲတီစိမ်းစိုက်တောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို စက်တင်ဘာ ၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့၌  အခြေခံတိုင်းရင်ဆေးပညာရက်တိုသင်တန်း (အခဲမဲ့) သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက  လူထုအခြေပြုဗဟိုဌာနတွင် အခြေခံ တိုင်းရင်းဆေးပညာရက်တိုသင်တန်း (အခဲမဲ့) သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ မိုးနှောင်းဝါမျိုးစေ့နှင့်ဆောင်းနေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကျင်းပ

တောင်သူများစိုက်ပျိုးသီးနှံအထွက်နှုန်းကောင်းစေရန်နှင့် အရည်အသွေးကောင်းမွန်သည့်မျိုးစေ့များ ရရှိစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်အတွင်းရှိ   တောင်သူများအား  မိုးနှောင်းဝါမျိုးစေ့နှင့် အိန္ဒိယဆောင်းနေကြာ မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို  ယနေ့နံနက်(၉)နာရီက မြို့နယ်စိုက်ပျို းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to