ပျော်ဘွယ်မြို့နယ်တွင် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ပျော်ဘွယ် စက်တင်ဘာ ၅

ပျော်ဘွယ်မြို့နယ်ရှိ စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ စာရေးသူ မင်းသန့် (ဒဿန) ရေးသားသည့် ထီးကလေးလိုသမီးလေး စာအုပ်အားစာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့ မွန်းလွဲ (၁) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက် လာသူများက စာရေးသူမင်းသန့် (ဒဿန) ရေးသားသည့် ထီးကလေးလိုသမီးလေး စာအုပ်ပါ အကြောင်းအရာများကိုဖတ်ရှုကာ မိမိတို့၏အတွေးအမြင်များကို အပြန်အလှန် ဆွေးနွေးကြသည်။

စာပေဝါသနာရှင် တစ်ကျောင်းသားတစ်ဦးက ယခုစာအုပ်သည် စာမဖတ်တဲ့သူတွေကို စာဖတ်တတ် လာစေဖို့၊ မိဘတိုင်းဟာ သားသမီးတွေကို လိမ္မာစေချင်လို့၊ အချို့သောသားမီးတွေဟာ မိဘတွေအတွက် “အား” မဖြစ်ပဲ မိဘကို ပြန်ပြီးဒုက္ခပေးတဲ့ “ကျား” ဖြစ်သွားတဲ့အကြောင်း အရာများကို မြင်တွေ့ရပါကြောင်း၊ “ထီးကလေးလိုသမီးလေး” ဖြစ်ဖို့အတွက် ဘာသာတရားရဲ့ ဆုံးမမှုတွေ၊ လူကြီးသူမတွေရဲ့ဆုံးမမှုတွေကို လေးစားစွာလိုက်နာဆောင်ရွက်နိုင်ရန် လမ်းပြထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး (ပျော်ဘွယ်)