လှိုင်းဘွဲ စက်တင်ဘာ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ဒေသနေပြည်သူများ အသိပညာဗဟုသုတများရရှိနိုင်စေရန်အတွက် အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားလျက်ရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် လူကုန်ကူးမှုတိုက်ဖျက်ဖို့ တာဝန်ကိုယ်စီယူကြစို့၊ ရည်ရွယ်တာကဘုံနန်း ရောက်သွားနိုင်တာကငရဲခန်း၊ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ လှပတဲ့ဘဝ အမြင့်ပျံသန်းဖို့ မူးယစ်ဆေးဝါးကင်းကြစို့၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပြစ်ဒဏ်များနှင့် မူးယစ်ဆေးဝါး၏ ရလဒ်ဆိုးကျိုးများစသည့် သိကောင်းစရာ အသိပညာပေးနံရံကပ် စာ စောင်များ ပြသထားရှိကြောင်း သိရသည်။
စောဖိုးခွါး(ပြန်/ဆက်)