ညောင်လေးပင်မြို့နယ်တွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသား /ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် (Sinovac Vaccine) ထိုးနှံပေး
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ညောင်လေးပင်မြို့နယ် အခြေခံပညာကျောင်းများရှိ အသက် (၁၂)နှစ်နှင့် (၁၈)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား (တတိယအကြိမ်) ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉:၃၀) နာရီအချိန်တွင် ညောင်လေးပင်မြို့နယ် အ-ထ-က (၂) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။