ညောင်လေးပင် စက်တင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ညောင်လေးပင်မြို့နယ် အခြေခံပညာကျောင်းများရှိ အသက် (၁၂)နှစ်နှင့် (၁၈)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား (တတိယအကြိမ်) ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉:၃၀) နာရီအချိန်တွင် ညောင်လေးပင်မြို့နယ် အ-ထ-က (၂) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင်(ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး (၆)လပြည့်သူများအား (တတိယအကြိမ်) (Sinovac Vaccine)ကို ထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများနှင့် ဆရာ/ဆရာမများက ကာကွယ်ဆေး လာရောက်ထိုးနှံကြသော ကျောင်းသား၊ ကျောင်းသူများအား စာရင်းရေးသွင်းခြင်း အပူချိန်တိုင်းခြင်းတို့ကို ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ တာဝန်ရှိသူများက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)