တံတားဦး စက်တင်ဘာ ၆
တံတားဦခရိုင် တံတားဦးမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သောအဖြင့် ယနေ့နံနက်ပိုင်းက တံတားဦးမြို့နယ် သဲမောင်းကန် ကျေးရွာအုပ်စု သဲမောင်းကန်ကျေးရွာ ကန်သာယာခန်းမအတွင်း၌ မြေပြင်ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရ သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဝင်(၁) ဗိုလ်မှူး သန်းနိုင်ဦး ဒေသခံပြည်သူများအနေဖြင့် ရပ်ရွာအေးချမ်းသာယာရေးသည် အလွန်ပင်အရေးကြီးပါကြောင်း၊ ထို့အပြင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကိုလည်း ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့ ကျေးရွာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် ဆွေးနွေးပေးစေလိုကြောင်းပြောကြားပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟိန်းထိုက်က ဒေသဖွံ့ဖြိုး ရေးဆိုင်ရာများ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများကိုလည်းကောင်း အသီးသီးပြောကြားသည်။
ဆက်လက်၍ သက်ဆိုင်ရာမြို့နယ်အဆင့်ဌာနဆိုင်များက မြို့နယ်အတွင်းရှိ ကျေးရွာများအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှုတို့ကို ဒေသ ခံပြည်သူများအား အသီးသီးရှင်းလင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သတ်သည့် အကြံပြုချက်များကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆောင်ရွက်ပေးကြသည်။
ရဲတင့်