တောင်ငူမြို့၌ ကျောင်းသား ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (Booster) ထိုးနှံပေး

တောင်ငူ စက်တင်ဘာ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် အသက်၁၂ နှစ်မှ အသက် ၁၈ အထိ ကျောင်းသား ကျောင်းသူများအား တတိယအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster) ထိုးနှံပေးခြင်း ယနေ့နံနက်ပိုင်း က အခြေခံပညာအထက်တန်းကျောင်း () ခုတွင်  မြို့နယ် ပြည်သူ့ကျန်းမာရေး ဆေးထိုးအဖွဲ့မှ တစ်ပြိုင်တည်း ထိုးနှံပေးခြင်းများ ဆောင်ရွက်ကြသည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာ နေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးစန်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဉာဏ်လင်းအောင်၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကာ ကာကွယ်ဆေးထိုးနှံကြသည့် ကျောင်းသား ကျောင်းသူများကို အားပေးစကားများပြောကြားပြီး စနစ်တကျ ထိုးနှံနိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးသည်။

တောင်ငူမြို့နယ်အတွင်း  အခြေခံပညာကျောင်းပေါင်း ၁၉၅ ကျောင်းရှိရာ ဆေးထိုးအုပ်စုများအလိုက် ဦးစားပေးသတ်မှတ်၍ ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်းသိရပြီး ယနေ့အထိ ထိုးနှံပြီးစီးမှုအရ (၅၂၈) ဦး ထိုးနှံပြီးစီးကြောင်း မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရသည်။

ခရိုင် (ပြန်/ဆက်)