မြောင်းမြမြို့ရှိ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ကျန်ခဲ့သူများ မရှိစေရန် စိစစ်ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ကာကွယ်ဆေးထိုးနှံမှု ကျန်ခဲ့သူများမရှိစေရန်အတွက် အခြေခံပညာကျောင်းများတွင် စိစစ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့၊ အမှတ်(၁၄) အခြေခံပညာအလယ်တန်း (တွဲဘက်) ဆုံကုန်းကျောင်း၌ စားသုံးသူရေးရာ အကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၄) အခြေခံပညာအလယ်တန်း (တွဲဘက်) ဆုံကုန်းကျောင်း၌ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော စားသောက်ကုန်များ ဝယ်ယူစားသောက်နိုင်စေရန် ရည်ရွယ်၍ စက်တင်ဘာလ ၇ရက် နံနက် ၉နာရီအချိန်က စားသုံးသူရေးရာ အကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပသည်။

ပေါင်းတည်မြို့နယ် မြောက်ကုန်းကြီးကျေးရွာအုပ်စု၊ မြောက်ကုန်းကြီးကျေးရွာတွင် စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍများနှင့် ဒေသဖွံ့ဖြိုးရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်ဌာနဆိုင်ရာများက ယမန်နေ့နံနက်ပိုင်းက မြောက်ကုန်းကျေးရွာအုပ်စု၊ မြောက်ကုန်းကြီးကျေးရွာသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

​ရွှေဘိုခရိုင်ရုံး (Community Centre) ခန်းမတွင် လေထုသန့်ရှင်းဖို့ အားလုံးပူး​ပေါင်း​ဆောင်ရွက်စို့ အသိပညာပေး (Talk Show) ဆောင်ရွက်

စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်​ လေထုသန့်ရှင်းဖို့ အားလုံးပူး​ပေါင်း​ဆောင်ရွက်စို့ အသိပညာ‌ပေး (Talk Show) ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ကမ္ဘာ့စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် မြောင်းမြမြို့ ဘုရားချောင်း(ရပ်) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ဦးစီးဌာနက ကမ္ဘာ့စာတတ်မြောက်ရေးနေ့( International Literacy Day ) အထိမ်းအမှတ် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ် ၂ နာရီက အ.မ.က (မူလွန်) ဘုရားချောင်း (ရပ်)ကျောင်းတွင် ကျင်းပပြု လုပ်ခဲ့သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကိစ္စ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ချင်းပြည်နယ်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ပေးခဲ့သည့် ရန်ပုံငွေ (၁၀) ဘီလီယံ ကိစ္စ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။

သီပေါမြို့နယ် တုံစင့်ကျေးရွာတွင် တစ်ပိုင်တစ်နိုင်သီးပင်စားပင်များစိုက်ပျိုး အောင်မြင်ဖြစ်ထွန်း၍ နေ့စဉ်မိသားစုပုံမှန်ဝင်ငွေရရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ တုံစင့်ကျေးရွာတွင် တစ်ပိုင်တစ်နိုင်သီးပင်စားပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး ခူးဆွတ်ရောင်းချရသောကြောင့် နေ့စဉ်ဝင်ငွေရရှိကာ မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊အတီး ပြိုင်ပွဲ လှုံ့ဆော်ရေး မြေစိုက်ပိုစတာများစိုက်ထူ

၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဗဟို အဆင့်ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန် ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင်အသီးသီးမှ ရွေးချယ်စေလွှတ်သည့် ပြိုင်ပွဲဝင်များအား  ပြည်နယ်အဆင့် ကိုယ်စားပြု ရွေးချယ်နိုင်ရန် ရခိုင်ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို စက်တင်ဘာ ၁၂ရက်မှ ၁၆ရက်ထိ စစ်တွေမြို့ ဦးဥတ္တမခန်းမ တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

ကျုံပျော်ခရိုင်၊ အထောင်မြို့တွင် ယာဉ်စည်းကမ်းပညာပေး ပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ပြည်သူများ ယာဉ်အန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် ယာဉ်လမ်းစည်းကမ်း လိုက်နာပြီး ဘေးကင်းကွာစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ အထောင်မြို့တွင် ယာဉ်စည်းကမ်း ပညာပေး ပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to