ကြံခင်းမြို့နယ်တွင် အခြေခံစားသောက်ကုန်များ သက်သာသောစျေးနှုန်းဖြင့်​ ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်နေ ပြည်သူများအား အခြေခံစားသောက် ကုန် ဆန်၊ ဆီ၊ ကြက်ဥများကို ပြင်ပပေါက်စျေးထက် သက်သာသောစျေးနှုန်းဖြင့် ယမန်နေ့ နံနက်က ရွာသစ် ရပ်ကွက်၊ ဘူတာလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များက သွားရောက်ရောင်းချပေးခဲ့ကြသည်။

ရေဦးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ပြန်ကြားရေး၀န်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ယမန်နေ့ နေ့လယ် ၁၂ နာရီက ကဗျာရွတ်ဆိုပြိုင်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန  Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍

ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ ပြည်သူများ၊ စာပေချစ်မြတ်နိုးသူ စာဖတ်ပရိသတ်များ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိစေရန်နှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသ စာအုပ်ကောင်းများ၏ တန်ဖိုးနှင့်အနှစ်သာရကို သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ တွင် ယမန်နေ့ မွန်းတည့် ၁၂:၀၀နာရီက ကိုကိုလင်း(အမေ့အိမ်)ရေးသားသော လူကြီးတွေက စပြင်ပါ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ်၌ ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း စည်းဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၃)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံ၊ တိုက်‌ကျွေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရဆေးပေးခန်းတွင် ကိုဗစ် -၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး

ကျောင်းသား၊ ကျောင်းသူများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်က ရန်ကုန်တိုင်း‌ဒေသကြီး၊ ကော့မှူးမြို့နယ်၊ ဘုရားလမ်းရပ်ကွက် အခြေခံမူလတန်းလွန်ကျောင်း(မူလွန်ပတုပ်)၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးနေကြောင်း သိရသည်။

ကျိန္တလီမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ

ကျိန္တလီမြို့၌ ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့  မွန်းလွဲ ၁ နာရီအချိန်က အ-ထ-က ကျိန္တလီ ကျောင်းစာသင်ခန်းများတွင် ဟောပြောခဲ့သည်။
Subscribe to