လမ်းမတော်မြို့နယ်တွင် ဒီဂျစ်တယ်မီတာများ ပြောင်းလဲတပ်ဆင်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် လျှပ်စစ်မီတာသုံးစွဲသော ပြည်သူများထံသို့ Smart ကျတဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုစနစ်ဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများ လျော့နည်းကျဆင်းစေရန် ရည်ရွယ်ပြီး၊ ယခင်တပ်ဆင်ခဲ့သော အိမ်သုံး Underlog မီတာမှ Digital မီတာ ပြောင်းလဲတပ်ဆင်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြင်ကသာကျေးရွာအုပ်စုတွင် စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ပြင်ကသာ ကျေးရွာအုပ်စု၊ ပြည်လုံး ချမ်းသာဓမ္မာရုံတွင် ကျင်းပသည်။

ဝါးခယ်မမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုအားသွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

သာပေါင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေး လူထုလှုပ်ရှားမှု Mask Campaign ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်း ဆိုင်ရာ Mask Campaign ပြုလုပ်၍ ကျန်းမာရေးအသိပညာပေး လူထုလှုပ်ရှားမှုကို ယမန်နေ့ နံနက် ၇ နာရီအချိန်က ပြည်သူများသွားလာစည်ကားရာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းရုံးရှေ့ ဥယျာဉ်တန်းလမ်းနှင့် ဘောလုံးကွင်း လမ်းထောင့် နေရာမှ Mask များ အခမဲ့ဖြန့်ဝေ တပ်ဆင်ပေးခဲ့ကြသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် Mobile Market ဈေးကားဖြင့် ၀က်သား၊ ဆိတ်သား၊ အမဲသား၊ ကြက်သား၊ ငါး၊ ဆန် ၊ ဆီ၊ ဆား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များအား ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်မြို့တော်၏စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ယမန်နေ့နံနက် ၆ နာရီက အမှတ်(၆)ရပ်ကွက်၊ ဈေးလေးမှတ်တိုင်၊ ကျန်စစ်သားအိမ်ရာရှေ့တွင် Mobile Market စျေးကားဖြင့် ကြက်၊ ဝက်၊ အမဲ၊ ဆိတ်၊ သား၊ ငါးနှင့် ဆန်၊ ဆီ၊ ကြက်ဥတို့ပါ အခြေခံစားသောက်ကုန်များ ရောင်းချသည်။

စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ စမ်း​ချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီး၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျွန်းတော(တောင်)ရပ်ကွက်အတွင်း ကိုဗစ်ရောဂါမျိုးရိုးဗီဇပြောင်း စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ နေအိမ်ပြင်ပထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးနိုင်ရေးကို ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ပူးပေါင်းအဖွဲ့များက ခရီးသွား ဒေသခံပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်းများ တပ်ဆင်ရေး လှုပ်ရှားမှုပြုလုပ်ပြီး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကွင်းဆင်းဆောင်ရွက်မည့် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေးစစ်ကြောင်း စသည့် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်၊ အသက် (၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်၊ ၄င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ် များအား ငွေကြေးထောက်ပံ့ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အေးချမ်းသာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တန်းမြို့နယ်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ကာကွယ်ရေးစစ်ကြောင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော

တွံတေး၌ အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ပထမအကြိမ်)နှင့် (Booster Dose)ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ တွံ​တေးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် တွံတေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အသက်(၁၂)နှစ်နှင့်(၁၈)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် တတိယအကြိမ် Booster Dose ကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် အဆိုပါကျောင်းယုဇနခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to