လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန  (Community Centre)  ခန်းမ၌ သားငယ်/သမီးငယ်များ ကျောင်းသင်ခန်းစာများအပြင် ပြင်ပဗဟုသုတရရှိစေရန်၊ ဉာဏ်ရည်မြင့်မား၍ ဘက်စုံဖွံ့ဖြိုးတိုးတက်သော အနာဂတ်သားကောင်းရတနာများဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ကဗျာရွတ်ဆို ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Women Clubနှင့် Youth Club အသင်းတို့ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသော “လူငယ်နှင့်အခွင့်အလမ်း ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် လွယ်ဂျယ်မြို့နယ်စပ် ဂိတ်မှတစ်ဆင့် မြန်မာ−တရုတ် ကုန်စည်စီးဆင်းရာတွင် စနစ်တကျဖြစ်စေရေး၊ ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာ−တရုတ်ကုန်စည် ပြန်လည်စီးဆင်းရာတွင် စနစ်တကျဖြစ်စေရေး၊ ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဗန်းမော်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် နယ်စပ်ကုန်သွယ်ရေး စခန်းတာဝန်ခံများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲများကို စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး ၊ အတီး ပြိုင်ပွဲ တတိယနေ့ ဆက်လက်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တတိယနေ့ပြိုင်ပွဲများကို စက်တင်ဘာ(၆)ရက်၊ နံနက်(၉)နာရီက စစ်ကိုင်းမြို့၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။

မိုင်းငေါ့မြို့တွင် ကျောင်းသား၊ကျောင်းသူများ အသိပညာပြန့်ပွားရေး အတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ကွင်းဆင်း‌ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့်စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီ အချိန်ကအ.မ.က တာလုံကျောင်းသို့ သွားရောက်၍ အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။

ချောက်မြို့၌ အ​ခြေခံပညာကျောင်းများ၌ နိုင်ငံတကာစာတတ်​မြောက်​ရေး​နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့်​ပြိုင်ပွဲများ ကျင်းပပြုလုပ်

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်၊ အ​ခြေခံပညာကျောင်းများ၌ ယမန်​နေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းအချိန်က နိုင်ငံတကာစာတတ်​မြောက်​ရေး​နေ့ အထိမ်းအမှတ် ​ကျောင်းတွင်း ​​ဟောပြောပွဲနှင့်​ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲများကို သက်ဆိုင်ရာ​ကျောင်းများအလိုက် ကျင်းပပြုလုပ်ခဲ့​​ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကာကွယ်ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးတိုက်ကျွေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင်ကလေးငယ်များကျန်းမာ သန်စွမ်းစေရန်နှင့် ဉာဏ်ရည်ထက်မြက်စေရန် အသက်တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က သံတောင်ကြီးမြို့ပြည်သူ့ဆေးရုံတွင် တိုက်ကျွေးခဲ့ကြောင်းသိရသည်။

ပေါက်တောမြို့၌ မွေးစမှအသက်(၂)နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ပေါက်တောမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကလေးငယ်များအား မွေးစမှအသက်(၂)နှစ်အောက် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀နာရီ အချိန်ကစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့၌ ဧည့်မထဆန်များအား စျေးနှုန်းချိုသာစွာ ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းက မြို့နယ်အတွင်းရှိ ပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အခြေခံစားသောက်ကုန်ဖြစ်သည့် ဧည့်မထဆန်များကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို မြို့နယ်တာဝန်ရှိသူများက ယနေ့ နံနက် (၇)နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Subscribe to