ကျောက်ဆည် စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးအပြင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ငရုတ်စိုက်ဧက (၉၄၄)ဧက စိုက်ပျိုးထားကြောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရပြီး ကောင်းတင်ကျေးရွာတွင် စိုက်ပျိုးထားသော ငရုတ်စိုက်ခင်းများ အောင်မြင်လျက်ရှိကြောင်း သိရသည်။
ငရုတ်သီးနှံများကို တိုက်နယ်(၁)တွင် (၃၄၁)ဧက၊ တိုက်နယ်(၂)တွင် (၂၂၇)ဧက၊ တိုက်နယ် (၅)တွင် (၁၃)ဧက၊ တိုက်နယ်(၆)တွင် (၁၂၇) ဧက၊တိုက်နယ်(၈)တွင်(၁၅)ဧက၊ တိုက်နယ်(၁၀)တွင် (၆၈)ဧက၊ တိုက်နယ်(၁၁)တွင်(၁၅၃)ဧက၊ စုစုပေါင်း(၉၄၄)ဧကစိုက်ပျိုးထားကြောင်းနှင့် တောင်သူများအနေဖြင့် ဈေးကွက်ရရှိရေး တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်း၊ စီးပွားဖြစ်စိုက်ပျိုးခြင်း အမျိုးမျိုးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ရေသွင်းရေထုတ် လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်တန်း စိုက်ပျိုးခြင်း၊ နှစ်ပင်တန်း စိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုးစိုက်ပျိုးကြကြောင်း၊ ငရုတ်သီးနှံများကို အသီးအစိမ်းခူးဆွတ်ရောင်းချသကဲ့သို့ အခြောက်လှန်းကာ ဈေးကွေက်အနေအထားအပေါ်မူတည်၍ ရောင်းချ ခြင်းများပြုလုပ်ကြကြောင်း ငရုပ်စိုက်တောင်သူများထံမှ သိရsသည်။
သက်မောင်(ကျောက်ဆည်)