သပိတ်ကျင်း စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယမန်နေ့နံနက် ၁၀ နာရီက သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအုပ်စု ကျောက်ဖြူကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းတွေ့ဆုံရာတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဌာနဆိုင်ရာကဏ္ဍများအလိုက် ပြည်သူ့ဝန်ဆောင်မှု လုပ် ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး အဖွဲ့ဝင်(၁)ဗိုလ်မှူး ဝင်းမြတ်သူက မြို့နယ်အတွင်း အကြမ်းဖက်လုပ်ဆောင်မှုဖြစ်စဥ်များအား ရှင်းလင်းပြောကြားခဲ့ကာ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပညာရေး၊ကျန်းမာရေး၊လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးမြေ၊ မီးဘေးလုံခြုံရေး၊ လမ်းတံတားကောင်းမွန်ရေးတို့ကို ဌာနတာဝန်ရှိသူများမှ ဆောင်ရွက်ပေးနိုင်မှုတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့်ဒေသခံပြည်သူများမှ မိမိတို့ ရပ်ရွာဒေသဖွံဖြိုးရေးတိုးတက်အတွက် ဆောင်ရွက်လိုသည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး မေးမြန်ဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ဖြေရှင်း ဖြည့်စည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
ထို့နောက် လူဝင်မှု့ကြီးကြပ်ရေးနှင်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံ သားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)