လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကျောင်းသား/ကျောင်းသူ  ကလေးငယ်များအား ရုပ်ပုံပြ ပုံပြောခြင်း ပြုလုပ်ဆောင်ရွက်ပေး

လိပ်သို   စက်တင်ဘာ  ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကျောင်းသား/ကျောင်းသူကလေးများအား ယနေ့နေ့လယ် ၁၁ နာရီအချိန်က ရုပ်ပုံပြ ပုံပြောခြင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့ဦးစီးမှူးက ကျောင်းသား/ကျောင်း သူကလေးငယ်များ အားလပ်သည့်အချိန်များတွင်  စာကြည့်တိုက်သို့  စဉ်ဆက်မပြတ် ၀င်ထွက် သားလာကြစေရန် တိုင်းဆာ(ခ) မိုင်းသာရှမ်း စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည့်  “ သူငယ်ချင်းကောင်း ”  ရုပ်ပြပုံပြင်စာအုပ် အား  ရုပ်ပုံပြ ပုံပြောခြင်း ပြုလုပ်ဆောင်ရွက် ပေးကာ စာအုပ်ပါအကြောင်း အရာများအား ကျောင်းသား/ကျောင်းသူများနှင့်  ပျော်ရွှင်စွာ အပြန်အလှန် အမေးအဖြေပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင်  ကျောင်းသား/ကျောင်းသူများအား  စာဖတ်သည့် အလေ့အကျင့် ရရှိစေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ကြစေရန် ရည်ရွယ်၍ အားလပ်သည့် အချိန်များတွင် ရုပ်ပုံပြ ပုံပြင်ဖတ်ပြခြင်းနှင့်  ပုံပြင်ပြောခြင်းများ၊ ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများ အပတ်စဉ်ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)