ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး

ရကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို အမှတ်(၁၂)ရပ်ကွက် အမှတ်(၁) အလယ်တန်းကျောင်းနှင့် အမှတ်(၁၃)ရပ်ကွက် အမှတ်(၂) အလယ်တန်းကျောင်းတို့တွင် ယနေ့နံနက်ပိုင်းက သွားရောက်ကွင်းဆင်း ထိုးနှံပေးခဲ့သည်။

ကျုံပျော်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည်သူများအနေဖြင့် လက်ရှိဖြစ်‌ပေါ်နေသော အခြေအနေအမှန်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းဆောင်ရွက်‌နေမှုများကို သိရှိစေရန်အတွက် စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ကျွန်းအင်းအုပ်စု၊ ပိုးကရင်နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်း၌ ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

သာကေတမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်နိုင်ရေး နှာခေါင်းစည်းများ ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်အိုမီခရွန်ကာကွယ်၊ တာဆီးထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉:၀၀)အချိန်၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ၊ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်းပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံး ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ပူပေါင်းအဖွဲ့က ဦးဆောင်၍ ခရီးသွားဒေသခံပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း Mask များ တပ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်ပြီး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြင်ကသာကျေးရွာအုပ်စုတွင် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ များနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က ပြင်ကသာကျေးရွာအုပ်စု၊ ပြည်လုံး ချမ်းသာဓမ္မာရုံတွင် ကျင်းပသည်။

တောင်ဥက္ကလာပမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ (၇၁၅)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myancopharm) ပထမအကြိမ် ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myancopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉:၀၀)နာရီကစ၍ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းစုရပ်၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့၌ ပြည်သူများအား အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် အဖွဲ့တို့က ရပ်ကွက်နေ ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့် ဟင်းသီး ဟင်းရွက်မျိုးစုံတို့ကို စျေးနှုန်းသက်သာစွာဖြင့် ယနေ့ နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်စွယ်စုံ ကိုယ်ပိုင်အထက်တန်းကျောင်း၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာအုပ်စာစောင်များ ခင်းကျင်းပြသ၍ စနစ်တကျငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာပေအသိပညာတိုးပွားစေရန်နှင့် ဗဟုသုတရရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၁) နာရီခွဲအချိန် က ထောက်ကြန့် စွယ်စုံကိုယ်ပိုင်အထက်တန်းကျောင်း၌ စာအုပ်စာစောင်များ စနစ်တကျ ခင်းကျင်းပြသ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ BA- 4, BA- 5 ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ ဖြန့်ဝေ

ဒေသခံပြည်သူများနှင့်ခရီးသွားများ နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သွားလာသည့် အလေ့အကျင့်ကောင်းများကို ဆက်လက်လိုက်နာဆောင်ရွက် သွားလာနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီက ပေါက်ခေါင်းမြို့ စည်ပင်သာယာမြို့မဈေးရှေ့၊ ဈေးအတွင်းနှင့်မြို့လယ် လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်မျိုးကွဲ BA-4, BA-5 ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းများကို ဌာနများစုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗဟန်းမြို့နယ်တွင် AC ကတ္တရာလမ်း ထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁)ရပ်ကွက်၊ ငွေဝတ်မှုံရိပ်သာ၊ ရွှေတောင်ကြားရိပ်သာလမ်းတွင် ယနေ့နံနက် (၀၉:၁၅) အချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီမှ AC ကတ္တရာလမ်းထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊‌ ကျောက်တံတားမြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များ ကျန်းမာကြံ့ခိုင်မှုရှိစေရန်နှင့် ကလေးငယ်များ ရောဂါဘယကင်းရှင်းစေရန် ရည်ရွယ်၍ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီအချိန် က ကျောက်တံတားမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် တိုက်ကျွေးထိုးနှံလျက်ရှိသည်။
Subscribe to