တိုက်ကြီးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တိုက်ကြီး     စက်တင်ဘာ    

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်း လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယမန်နေ့နံနက်ပိုင်း က မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် တိုက်ကြီးမြို့နယ် ဂျိုးဖြူကျေးရွာအုပ်စု ခြောက်တိုင်ကွေ့ကျေးရွာ ရွှေဂျိုးဖြူကျောင်းတိုက် ဓမ္မာရုံ၌   တရားဉပဒေစိုးမိုးရေး စစ်ကြောင်းမှ ဒုရဲမှူးမျိုးခိုင်က ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ တရားဉပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး အသိပညာပေးဆွေးနွေးခြင်း၊ ပညာရေးစစ်ကြောင်းအဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူး ဉီးဌေးဌေး က ကျောင်းနေရွယ် ကလေးအားလုံး ကျောင်းသို့ရောက်ရှိရေး မိဘဆရာ ပူးပေါင်းဆောင်ရွက်ရေး၊ ဆရာ ဆရာမ လိုအပ်ချက်နှင့် ကျောင်းဉပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးခြင်း၊ ကျန်းမာရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် ဒေါက်တာနေမင်းမျိုးထွန်း က လတ်တလောဖြစ်ပွားနေသည့် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး ဆွေးနွေးခြင်း၊ ကာကွယ်ရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (ဗိုလ်မှူးရဲမင်းအောင် က ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာများ အသိပညာပေး ဆွေးနွေးခြင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးအောင်ကျော်စိုး က    လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဆွေးနွေးသည်။ ဆက်လက်၍ ကျေးရွာသူ ရွာသားများ၏ သိလိုသည်များကို  ဌာနဆိုင်ရာတာဝန်ရှိသူများက ဖြေကြား ဆွေးနွေးပေးသည်။

ထို့နောက် ကျေးရွာနေပြည်သူများအား မြို့နယ်မီးသတ်ဉီးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ဆေးဗူးအသုံးပြုနည်းများကို လက်တွေ့သရုပ်ပြ   ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)