တိုက်ကြီး စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အလဘုတ်ကျေးရွာအုပ်စု၊ အောက်အလဘုတ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ (၅၀%) ဖြင့် သုဿာန်သွားလမ်းကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများအား ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါကျေးရွာသည် အိမ်ခြေ (၁၂၉)၊ အိမ်ထောင်စု (၁၄၁)၊ လူဦးရေ (၅၂၂) ဦးရှိပြီး ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်မှ စတင်၍ အရင်းမပျောက်မတည်ရန်ပုံငွေကို စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၂၃)ဦး၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ (၁၃)ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ (၈၉)ဦး၊ စုစုပေါင်း အသင်းသား (၁၂၅)ဦးဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်း၊ တာဝန်ခံအင်ဂျင်နီယာ၊ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများသည် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ အတိုးရငွေ(၅၀%) ငွေကျပ် (၈.၉) သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် သုဿာန်သွားလမ်းကွန်ကရစ်လမ်းအရှည် (၄၂၃)ပေ၊ အကျယ် (၁၀)ပေနှင့် (၆)လက်မထု ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)