ရမည်းသင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား/ကျောင်းသူများနှင့် စာဖတ်ဝိုင်းပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်သည့်အလေ့အကျင့်ကောင်းများနှင့် စာပေအသိပညာများ ပြန်လည်မျှဝေတတ်စေရန် ကျောင်းသား/ကျောင်းသူများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမ၌ကျင်းပဆောင်ရွက်ကြောင်း သိရသည်။

မိုးညှင်း၌ စံပြကွက်တောင်သူများအား သွင်းအားစုထောက်ပံ့ပေးအပ်ခြင်းနှင့် နည်းပညာသင်တန်းပေး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးသိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်ဖြင့် တစ်ကွင်း တစ်စပ်တည်း တင်း(၁၀၀)နှင့် အထက် ထွက်ရှိရေး စံပြကွက်တောင်သူများအား သွင်းအားစု ထောက်ပံ့ပေးအပ် ခြင်းနှင့် နည်းပညာသင်တန်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကသာမြို့၌ ကမ္ဘာ့အပူချိန်မြင့်တက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟော ပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ အစည်းအဝေးခန်းမတွင် ကျောင်းသား၊ ကျောင်းသူများအား ကမ္ဘာ့အပူချိန်မြင့်တက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)၌ စာဖတ်ဝိုင်း ကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)၌ ယနေ့ နံနက် ၁၁ နာရီက  စာ​​ရေးဆရာ မြတ်ဌေး(ပေါက်လေ) ရေးသားပြုစုသည် "ပျိုးခင်းသစ် ကလေးကဗျာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပသည်။                                                

ဘိုကလေးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးသူများနေ့ အထိမ်းအမှတ်လှုပ်ရှားမှုပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့မဈေးကြီး ပတ်ဝန်းကျင်တွင် ယနေ့ နံနက်(၈)နာရီ၌ မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ စေတနာ့ လုပ်အားရှင်များမှ အပြည်ပြည် ဆိုင်ရာ ပျောက်ဆုံးသူများနေ့ အထိမ်းအမှတ်အဖြစ် ဈေးရောင်း၊ ဈေးဝယ် အများပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများ ပေးဝေခဲ့ကြသည်။

အထက-တနင်္သာရီ၌၂၀၂၂ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲပြုလုပ်

၂၀၂၂ခုနှစ်၊ စက်တင်ဘာလ၈ရက်နေ့မှာ ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကို တနင်္သာရီ တိုင်းဒေသကြီး တနင်္သာရီမြို့ နယ်၊ အထက-တနင်္သာရီကျောင်း (Grade- 11)ခန်းအတွင်း ယနေ့နံနက် ၉နာရီမှ ၁၀နာရီအထိ ပြိုင်ပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

ကလေးမြို့လူထုအခြေပြုဗဟိုဌာန၌ စာပေမြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာလယ်တွင်းသားစောချစ် ရေးသားသည့် “ပန်းလိုချင်အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်ပိုင်းက Book Club အဖွဲ့ဝင်များဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။ 

နွားထိုးကြီးမြို့လူထုအခြေပြုဗဟိုဌာန၌ ဆူနာမီဘေးအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ဆူနာမီဘေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ 

တနင်္သာရီမြို့နယ် ပြန်/ဆက်ဆံရေးဦးစီးဌာနမှ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်မလာရောက်နိုင်သော စာပေဖတ်ရှုလိုသူများထံသို့(Mobile) ရွေ့လျားစနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်  ငှားရမ်းပေးခဲ့ကြသည်။
Subscribe to