ဝမ်းတွင်း စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောက လူထုအခြေပြု ဗဟိုဌာနတွင် အသိပညာပေးဆွေးနွေးပွဲများနှင့် လူငယ်လူရွယ်များအတွက် ဗဟုသုတရဖွယ် အစီအစဉ်များကို ဆွေးနွေးတင်ဆက်ပေးလျက်ရှိသည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်မေသဲချစ်မှ လူကုန်ကူးမှု၏အဓိပ္ပာယ်၊ လူကုန်ကူးမှုဆိုတာဘာလဲ၊ လူကုန်ကူးမှုကို ဘယ်လိုလူတွေမှာကျူးလွန်ခံရတာ အများဆုံးလဲနှင့် လူကုန်ကူးမှုဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များ၊ လူကုန်ကူးမှု မဖြစ်စေရန် သတိထားရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မြို့နယ်လူထုအခြေပြုဗဟိုဌာနအနေဖြင့် အသိပညာပေးအစီအစဉ်များ၊ အခြားသောဗဟုသုတရဖွယ် အစီအစဉ်များကို နေ့စဉ်တင်ဆက်ပေးလျက်ရှိပြီး We Love Wundwin Facebook Page တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)