ကျောက်ဆည်မြို့ အမှတ်(၆) မူလတန်းကျောင်း၌ (၂)ထပ်ကျောင်းဆောင်သစ်(၁)ဆောင် ဆောက်လုပ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပညာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အမှတ်(၆)မူလတန်းကျောင်း၌ (၂)ထပ်ကျောင်းဆောင် သစ်(၁) ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးခြင်းသို့တက်ရောက်

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ပိုင်ကျုံမြို့ ရွာကိုင်းကောင်းကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များ အာဟာရ ပြည့်ဝရေးအတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် (MCCT) ထောက်ပံ့ငွေများကို ယနေ့နံနက်(၁၀)နာရီတွင် ကျေးရွာအုပ်စုတာဝန်ရှိသူများတို့က ထောက်ပံ့ငွေ လက်ခံရရှိသူများထံ လက်ဝယ်အရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မြင်းခြံမြို့နယ် ခေါင်းကွဲကျေးရွာ၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ခေါင်းကွဲကျေးရွာ၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက်  ၈ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ရောင်းချပေးခဲ့ကြောင်းသိရသည်။

လပွတ္တာမြို့တွင် ယာဉ်စည်းကမ်းပညာပေး ပိုစတာစိုက်ထူခြင်းနှင့် ယာဉ်များအား စစ်ဆေး၍ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်

ပြည်သူများ ယာဉ်အန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာပြီး ဘေးကင်းကွာစေရေး အတွက် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့တွင် ယာဉ်စည်းကမ်းပညာပေး ပိုစတာစိုက်ထူခြင်းနှင့် ယာဉ်များအား စစ်ဆေး၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၇)နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး အသိပညာပေး မြေစိုက်ဘုတ်များစိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ထိန်းသိမ်းရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း သွားလာနေကြသော ဆိုင်ကယ်မောင်းနှင်ကြသည့် ပြည်သူများအား ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီး ဦးထုပ်အား မေးသိုင်းကြိုးသေချာစွာ တပ်ဆင်မောင်းနှင်ကြခြင်းဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ အသိပညာပေး မြေစိုက်ဘုတ်များကိုမြို့နယ် အတွင်းရှိ မြို့ဝင် မြို့ထွက်နှင့် လူစည်ကားရာလမ်းဆုံနေရာများတွင် ယမန်နေ့ နေ့လယ်ပိုင်းက လိုက်လံ စိုက်ထူခဲ့ကြသည်။

ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့တွင် မြို့နယ်ရုံးဝန်ထမ်းများက အ.ထ.က (ညောင်ပင်သာ)၊ အ.ထ.က (သကြားစက်)နှင့် သကြားစက်ရုံဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း ၂ဝ၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ ပြည်နယ်အဆင့် အတီးပြိုင်ပွဲ ယှဉ်ပြိုင်​နေမှုအား ကြည့်ရှုအား​ပေး

တိုင်းရင်းသားလူမျိူးအ​ပေါင်းတို့၏ ဓ​လေ့ထုံးတမ်းအစဉ်အလာများကို ​လေးစားလိုက်နာပြီး အမျိုးသားယဉ်​ကျေးမှု စရိုက်လက္ခဏာများ မ​​ပျောက်ပျက်​အောင် ထိန်းသိမ်း​စောင့်​ရှောက်​ရေး ဦးတည်ချက်နှင့်အညီ မွန်ပြည်နယ်၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်​နေ့မှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ

ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ပျဉ်းမနားမြို့နယ်အတွင်းရှိလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ပျဉ်းမနားခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ပျဉ်းမနားမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပင်လောင်းမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန၌ ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း အသိပေးညှိနှိုင်း ဆွေးနွေးပွဲပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လူထုအခြေပြုငှက်ဖျားရောဂါကာကွယ်ရေး စီမံကိန်း အသိပေးညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to