နွားထိုးကြီး စက်တင်ဘာ ၇
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ဆူနာမီဘေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆူနာမီ ဘေးဆိုင်ရာအသိပညာပေး Talk Show အစီအစဉ်တွင် ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဒေါ်ဆွေဇင်မြင့်မှ ဆူနာမီဘေးအတွက်ကြိုတင် ပြင်ဆင်ရန်အချက်များ၊ဆူ နာမီအတွက် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ဆူနာမီရဲ့ရှေ့ပြေးလက္ခဏာများ၊ဆူနာမီဖြစ်ပေါ်ချိန် တွင်ပြုလုပ်ရ မည့်အချက်များ၊ဆူနာမီဖြစ်ပေါ်ပြီးနောက် ရှောင်ရှားရမည့်အချက်များ၊ အရေးပေါ်သုံး ပစ္စည်းများ၊ သဘာဝဘေးအန္တရာယ်ကြံတွေ့လျှင် ဆက်သွယ်ရမည့်ဖုန်းနံပါတ်များကို အကျယ်တဝင့် ရှင်းလင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်