ရမည်းသင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား/ကျောင်းသူများနှင့် စာဖတ်ဝိုင်းပြုလုပ်

ရမည်းသင်း   စက်တင်ဘာ  ၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်သည့်အလေ့အကျင့်ကောင်းများနှင့် စာပေအသိပညာများ ပြန်လည်မျှဝေတတ်စေရန် ကျောင်းသား/ကျောင်းသူများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမ၌ကျင်းပဆောင်ရွက်ကြောင်း သိရသည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့်အကျိုးကျေးဇူး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းရရှိစေပြီး အပြန်အလှန် ဆွေးနွေးတတ်စေရန်တို့ကို ရှင်းလင်းပြောကြားကာ အားလပ်ရက်များတွင် ရမည်းသင်းခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသ စာပေကောင်းများ လာရောက်ဖတ်ရှုကြရန် ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကထုတ်ဝေသည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ(၁)ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)၊ အမှတ်(၁၇)မှ စာရေးဆရာချစ်နိုင်(စိတ်အညာ)ရေးသားသည့် "မကောင်းမှုများရှောင်ရှားပါ" ဆောင်းပါးကို ခရိုင်ပြန်/ဆက်ဦးစီးမှူးက ဖတ်ကြားရှင်းလင်းပြီး ကျောင်းသား/ကျောင်းသူများမှ တစ်ဦးချင်းပြန်လည်ဆွေးနွေးခဲ့ပြီး အကောင်ဆုံးပြန်လည်ဆွေးနွေးနိုင်သည့် ကျောင်းသား/ကျောင်းသူများအား အမှတ်တရဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဇော်ဝင်းအောင်(ပြန်/ဆက်)