တနင်္သာရီမြို့နယ် ပြန်/ဆက်ဆံရေးဦးစီးဌာနမှ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

တနင်္သာရီ စက်တင်ဘာ ၇

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်မလာရောက်နိုင်သော စာပေဖတ်ရှုလိုသူများထံသို့(Mobile) ရွေ့လျားစနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်  ငှားရမ်းပေးခဲ့ကြသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်သီသီခိုင်နှင့် ဝန်ထမ်းများက စာကြည့်တိုက်အသင်းဝင်အင်အား တိုးတက်စေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ အချိန်ပေး၍ မလာရောက်နိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် အားလပ်သည့်အချိန်တွင် အချိန်ကိုအကျိုးရှိစွာ စိတ်အပန်းဖြေ ဖတ်ရှုနိုင်စေရန်အတွက် သုတ/ရသစာအုပ်များ / ရုပ်ပြစာအုပ်/ ပုံပြင်စာအုပ်များ စုစုပေါင်း (၆၀)အုပ်အား (Mobile) ရွေ့လျားစနစ်ဖြင့် ငှားရမ်းပေးခဲ့ခြင်းဖြစ်ပြီး စာဖတ်သူများ၏ဆန္ဒအရ နှစ်ပတ်တစ်ကြိမ် စာအုပ်အဟောင်း/အသစ် လဲလှယ်ပေးစနစ်ဖြင့် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)