အထက-တနင်္သာရီ၌၂၀၂၂ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲပြုလုပ်

တနင်္သာရီ စက်တင်ဘာ ၇

၂၀၂၂ခုနှစ်၊ စက်တင်ဘာလ၈ရက်နေ့မှာ ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကို တနင်္သာရီ တိုင်းဒေသကြီး တနင်္သာရီမြို့ နယ်၊ အထက-တနင်္သာရီကျောင်း (Grade- 11)ခန်းအတွင်း ယနေ့နံနက် ၉နာရီမှ ၁၀နာရီအထိ ပြိုင်ပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းပြိုင်ပွဲတွင် အထက-တနင်္သာရီမှ အထက်တန်းအဆင့် ကျောင်းသူ/သား(၁၅) ဦးနှင့်အလယ်တန်းအဆင့်မှ(၁၂)ဦး..ပေါင်း(၂၇)ဦးတို့က "နိုင်ငံတကာစာတတ်မြောက်ရေးနေ့"ခေါင်းစဉ်ဖြင့် အေးချမ်းစွာဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

နန်းသာရီ~ထိန်ဝင်း(ပြန်/ဆက်)