အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask Campaign ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ​ရောဂါကူးစက်ခြင်းမှာ ကာကွယ်နိုင်ရန်အတွက် အပြင်ထွက်သူတိုင်း မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ကြရန် အသိပညာပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ အ.ထ.က(ခွဲ) အထက်ပိုင်ကျုံကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ကရင်ပြည်နယ်၊  ဘားအံခရိုင်၊  ပိုင်ကျုံမြို့၊  အမှတ်(၅)ရပ်ကွက်ရှိ အ.ထ.က(ခွဲ) အထက်ပိုင်ကျုံ ကျောင်း(ခွဲ)၌ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်နိုင်စေရန်  ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်‌ရေးအသိပညာ‌ဟော‌ပြောပွဲ ပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ် စပါယ်တောကျေးရွာတွင် စိုက်ပျိုးထားသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက် စနစ်ဖြင့် ဆန်စပါးကို အဓိထားစိုက်ပျိုးကြသော်လည်း ယာမြေများနှင့်ကိုင်းကျွန်းမြေများတွင် ကြက်သွန်၊ ငရုပ်၊ ဝါ၊ ငှက်ပျော၊ နနွင်း၊ ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံတို့ စိုက်ပျိုးကြပြီး စပါယ်တောကျေးရွာတွင် စိုက်ပျိုးထားရှိသော နနွင်း စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ဟောင်းပါးကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်

ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဟောင်းပါး ကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာ တိုက်ပွဲရှောင်ပြည်သူ များအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ဖားကန့်မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

ကေ့ာကရိတ်မြို့၌စာဖတ်ရှိန်မြှင်တင် ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ်တွင် လူငယ်လူရွယ်များစာဖတ်ရှိန်မြှင်တင်ရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် အသိ ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀) နာရီက ကေ့ာကရိတ်မြို့ အမှတ်(၄)ရပ်ကွက်ရှိ အမှတ်(၆) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ငါ့သရောက်မြို့ (အ.ထ.က)ကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့ (အ.ထ.က)ကျောင်းတွင် ယနေ့နံနက် ၁၁ နာရီက ငါ့သရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက သွားရောက်ကာ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် လူကုန်ကူးမှုတားဆီးကာကွယ် စောင့်ရှောက်ရေးအသိပညာပေး ဆောင်ရွက်ချက်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပေါက်မြို့နယ်တွင် Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ ဦးမျိုးနေဇော်၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ပြည်သူများနေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးစေရေးအတွက် ယနေ့နံနက် ၇ နာရီခွဲအချိန်က လူစည်ကားရာ ပေါက်-ပခုက္ကူ ကားလမ်း၊ မြို့မဈေးအတွင်းနှင့် မြို့လယ်လမ်းဆုံများတွင် Mask Campaign ပြုလုပ်ခဲ့သည်။

ဘူးသီးတောင်မြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု "တစ်လုံးထိုးအင်ဂျင် (ဒီဇယ်၊ဓာတ်ဆီ) ပြုပြင်ခြင်း'' သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်ပို့ချသည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု"တစ်လုံးထိုးအင်ဂျင်(ဒီဇယ်၊ဓာတ်ဆီ)ပြုပြင်ခြင်း''သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ဘူးသီးတောင်မြို့ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေပြန်ကျပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် (၁၂)လုံး ပြောင်းရွှေ့ခဲ့ရ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေပြန်ကျပြီး မြစ်ကမ်းပါးပြိုကျမှု ကြောင့် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်က မြစ်ကမ်းနှင့်နီးသော တောကျောင်းကျေးရွာ အုပ်စုအတွင်းရှိ နေအိမ် (၁၂)လုံး ကြိုတင်ပြောင်းရွေ့ခဲ့ရသည်။

ပုလောမြို့နယ်၌  လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး  Talk Show ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ပုလောမြို့နယ် Community Centre၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Subscribe to