မိုင်းဆတ်မြို့၌ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးဟောပြောပွဲကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီခွဲက အ.လ.က(ကျဒယ်) ကျောင်းတွင် နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးဟောပြောပွဲကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ အမှတ်(၁)ရပ်ကွက် မြို့သစ်လမ်း ရေစီးရေလာကောင်းမွန်ရေး အုတ်စီရေမြောင်းခင်းခြင်းနှင့် မြောင်းအဖုံးခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်  ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အမှတ်(၁)ရပ်ကွက်၊ မြို့သစ်လမ်းရှိ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းနှင့် ရေမြောင်းအဖုံးပြုလုပ်ခြင်း လုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

နတ်မောက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (စိုင်ကောင်း)တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စိုင်ကောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

မိုင်းကိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာချစ်သူများ စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် မိဘပြည်သူများ၊ လူငယ်လူရွယ်များ စာပေဗဟုသုတတိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ပေးနိုင်ရန်အတွက် မြန်မာစာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန်ဆိုထားသော ဂရုမစိုက်ခြင်းအနုပညာ စာအုပ်ဖြင့်စာချစ်သူများ  စာဖတ်ဝိုင်းကို 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စလင်းမြို့နယ်အတွင်းရှိ တောင်စဉ်ကျေးရွာနှင့် ရစ်ပျဉ်ကျေးရွာ လူကူးတံတား ပြိုကျပျက်စီး

ယမန်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ကန်ပြားကျေးရွာအုပ်စုအတွင်းရှိ တောင်စဉ်ကျေးရွာနှင့် ရစ်ပျဉ်ကျေးရွာ ရွာခြင်းဆက် လူကူးတံတား ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ် (Community Centre) ခန်းမတွင် စာအုပ်နှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် စာအုပ်နှင့်နံရံကပ် စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

ရမည်သင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတိုက်ဖျက်ရေး အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေး အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရမည်းသင်းခရိုင်လူထု အခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။

ဘိုကလေးမြို့နယ်တွင် ဆိုင်ကယ်ဦးထုတ်စီးနင်းမောင်းနှင်စေရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့အပါအဝင် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ စက်တင်ဘာ (၆)ရက်နေ့ ညနေ(၄)နာရီ အချိန်၌ ဘိုကလေးမြို့အဝင် နတ်ချောင်း စစ်ဆေးရေးဂိတ်နှင့် အမှတ်(၁၈)လမ်းမ၊ ဘိုကလေး-စက်ဆန်း လမ်းဆုံတွင်ယာဉ် အန္တရာယ်ကင်း ရှင်းရေးအတွက် ဆိုင်ကယ်မောင်းနှင်ရာတွင် အရည်အသွေးပြည့်မှီသည့် ဆိုင်ကယ်စီးဦးထုတ်များ စီးနင်းမောင်းနှင်ရေး အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူခဲ့သည်။

လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ  အခမ်းအနားကျင်းပပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမတွင် ယနေ့ နံနက်(၁၁)နာရီအချိန်က လူငယ်အသိပညာပေးဟောပြောပွဲနှင့် အထက်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊

ဝမ်းတွင်းမြို့နယ်တွင် ဒေသဖွံ့ဖြိးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက်မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ် ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့က ခံတောကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to