ကလေး စက်တင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာလယ်တွင်းသားစောချစ် ရေးသားသည့် “ပန်းလိုချင်အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်ပိုင်းက Book Club အဖွဲ့ဝင်များဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကလေးခရိုင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က စာဖတ်ဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ဦးစွာရှင်းလင်း ပြောကြားခဲ့ပြီး စာပေဝါသနာရှင် ဦးဘုန်းမြတ်ကိုမှ “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်တွင်ပါဝင်သည့် ကလေးနှင့်ပညာရေး၊ ကလေးစာပေတင့်ပါစေ၊ ကိုယ်ကျင့်ကောင်း၍ စိတ်ကောင်းရှိပါစေ စသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် စာပေချစ်သူများက သက်ဆိုင်ရာခေါင်းစဉ်ကဏ္ဍများအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ကလေးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေး စာဖတ်ဝိုင်းများအပြင် ဌာဆိုင်ရာမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ Online အသိပညာပေးဆွေးနွေးပွဲများကို လစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကလေး(ပြန်/ဆက်)