မိုးညှင်း၌ စံပြကွက်တောင်သူများအား သွင်းအားစုထောက်ပံ့ပေးအပ်ခြင်းနှင့် နည်းပညာသင်တန်းပေး

မိုးညှင်း စက်တင်ဘာ  ၇

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးသိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်ဖြင့် တစ်ကွင်း တစ်စပ်တည်း တင်း(၁၀၀)နှင့် အထက် ထွက်ရှိရေး စံပြကွက်တောင်သူများအား သွင်းအားစု ထောက်ပံ့ပေးအပ် ခြင်းနှင့် နည်းပညာသင်တန်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခန်းအနားတွင် ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင်က အမှာစကားပြောကြားရာတွင် “မိုးညှင်းမြို့နယ် ဟာ စိုက်ပျိုးရေးကို အဓိကထားသည့် မြို့နယ်တစ်ခုဖြစ်သည်နှင့် အညီ မိုးစပါးကို ပြည့်မှီအောင် စိုက်ပျိုးနိုင်ခဲ့ သလို တစ်ဧကအထွက်နှုန်း တိုးတက်ရေးကိုလည်း ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်း၊ ရေသွင်းရေထုတ်မှန်ကန်အောင် ဆောင်ရွက်ခြင်း၊ ပေါင်း၊ မြက်ကင်းစင်အောင် ဆောင်ရွက်ခြင်း၊ မြေသြဇာကို အာဟာရအချိုးညီ၊ အချိန်ကိုက်သုံးစွဲခြင်း စသည့် လုပ်ငန်းစဉ်များကို တောင်သူများ သိရှိလိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ တင်း(၁၀၀)နှင့်အထက် အထွက်နှုန်း ရရှိအောင် စံပြကွက်များကို အကျိုးဆောင်တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အခြားတောင်သူ များလည်း လေ့လာကြည့်ရှု၍ စိုက်ပျိုးလာစေခြင်းဖြင့် မိုးစပါးအထွက်နှုန်း တိုးတက်မြှင့်မားလာပြီး ဒေသဝမ်းစာ ဖူလုံပိုလျှံမှာဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မိုးထွန်းက မိုးညှင်းခရိုင်တွင် မိုးစပါးကို (၂၄၉၀၉၁) ဧက စိုက်ပျိုးရန် လျာထားသော်လည်း သြဂုတ်လကုန်အထိ (၂၅၀၃၁၅)ဧက စိုက်ပျိုး ပြီးစီးခဲ့သည့်အတွက် လျာထားဧကထက် (၁၂၂၄)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး  မိုးစပါး သိပ္ပံနည်းကျ စိုက်ပျိုးနည်း စနစ်ဖြင့် တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးထားသည့် စံပြကွက်တောင်သူ (၈)ဦးထံသို့ မြေသြဇာအိတ်နှင့် ရွက်ဖျန်းမြေသြဇာများကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)