ဘိုကလေး စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့မဈေးကြီး ပတ်ဝန်းကျင်တွင် ယနေ့ နံနက်(၈)နာရီ၌ မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ စေတနာ့ လုပ်အားရှင်များမှ အပြည်ပြည် ဆိုင်ရာ ပျောက်ဆုံးသူများနေ့ အထိမ်းအမှတ်အဖြစ် ဈေးရောင်း၊ ဈေးဝယ် အများပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများ ပေးဝေခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်နှင့် ပိုစတာများတွင် ကွဲကွာ ပျောက်ဆုံးနေသော မိသားစုဝင်များကို ရှာဖွေစုံစမ်း နေသူများအနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မိသားစု ပြန်လည်ဆက်သွယ် ပေးရေးဌာနအား ဆက်သွယ် ရမည့် ဖုန်းနံပါတ်နှင့် လိပ်စာများ၊မိသားစု ပြန်လည်ဆက်သွယ် ပေးရေး လုပ်ငန်းစဉ်များ၊ ပျောက်ဆုံးနေသော မိသားစုဝင်ကို ရှာဖွေနိုင်မည့် နည်းလမ်းများအား အသိပညာပေးထားကြောင်းနှင့် ၎င်းလှုပ်ရှားမှုသည် တကွဲတပြားဖြစ်နေသော မိသားစုများကို လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များ ဖြည့်ဆည်း ပေးခြင်းဖြင့် မိသားစုအဆက် အသွယ် ပြန်လည်ရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)