ပန်းတနော် စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေပြန်ကျပြီး မြစ်ကမ်းပါးပြိုကျမှု ကြောင့် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်က မြစ်ကမ်းနှင့်နီးသော တောကျောင်းကျေးရွာ အုပ်စုအတွင်းရှိ နေအိမ် (၁၂)လုံး ကြိုတင်ပြောင်းရွေ့ခဲ့ရသည်။
အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် တောကျောင်းကျေးရွာအုပ်စုအတွင်းရှိ နံဂါတ်ရိုးကျေးရွာတွင် နေအိမ် (၄)လုံး၊ အိမ်ထောင်စု (၄)စု၊ လူဦးရေ (၁၄)ဦး၊ ကျောင်းတော်ကလေးကျေးရွာရှိ နေအိမ် (၆)လုံး၊ အိမ်ထောင်စု (၆)စု၊ လူဦးရေ (၂၅)ဦးနှင့် နံဂါတ်ကျေးရွာရှိ နေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂) လူဦးရေ (၆)ဦးတို့သည် ကမ်းလွတ်ရာဖြစ်သော နီးစပ်သည့်ဆွေမျိုးသားချင်း နေအိမ်များ၌ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိပြီး ကမ်းလွတ်သည့် မြေကွက်လပ်များပေါ်သို့ နေအိမ်များပြန်လည်ဆောက်လုပ်နိုင်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)