ပုလော စက်တင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ပုလောမြို့နယ် Community Centre၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမော်က လူကုန်ကူးမှုအန္တရာယ်ကို သိရှိပြီး ကြိုတင်ကာကွယ် ရှောင်ရှားတတ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ လူကုန်ကူးမှုဆိုသည်မှာ၊ လူကုန်ကူးမှု ပေါ်ပေါက်လာသည့် အကြောင်းအရာများ၊ လူကုန်ကူးခြင်းနှင့် လူမှောင်ခိုခြင်း၊ လူကုန်ကူးခံရနိုင် သည့် အဓိကအကြောင်းအရာများ၊ မျှော်လင့်ချက်နှင့် ဩဇာသက်ရောက်မှုတို့ကို ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ အငယ်တန်းစာရေး ဒေါ်ဆုလဲ့ယဉ်ကလူကုန်ကူးသူများ၏ စုဆောင်းနည်း၊ သယ်ယူ ပို့ဆောင်နည်းနှင့် လူကုန်ကူးမှုအများဆုံးခံရနိုင်သူများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အေးအေးမော်(ပုလော)