ငါ့သရောက်မြို့ (အ.ထ.က)ကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးပြုလုပ်

ငါ့သရောက်မြို့  စက်တင်ဘာ   ၇

မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့ (အ.ထ.က)ကျောင်းတွင် ယနေ့နံနက် ၁၁ နာရီက ငါ့သရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက သွားရောက်ကာ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် လူကုန်ကူးမှုတားဆီးကာကွယ် စောင့်ရှောက်ရေးအသိပညာပေး ဆောင်ရွက်ချက်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှုတာဆီးကာကွယ်ရေး ရည်ရွယ်ချက် (၄) ရပ်ဖြစ်သည့်  လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်၍ နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်၊  လူကုန်ကူးမှုဆိုင်ရာအသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ လူကုန်ကူးခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန်၊ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်စဉ်များအားလုံးတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် စသည့်အကြောင်းအရာများအား ကျောင်းသား/ကျောင်သူများသိရှိစေရန် ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးမှ လူကုန်ကူးမှုနှင့် သက်ဆိုင်သည့်အကြောင်းအရာများကို ရှင်းပြပေးခဲ့ကြောင်း သိရသည်။

P.W.A(ပြန်/ဆက်)