ပိုင်ကျုံ စက်တင်ဘာ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အ.ထ.က(ခွဲ) အထက်ပိုင်ကျုံ ကျောင်း(ခွဲ)၌ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာဟောပြောပွဲ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပိုင်ကျုံမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးကျော်ကျော်လွင်က အမှာစကားဟောပြောကြားပြီး ပိုင်ကျုံမြို့ နယ်မြေရဲစခန်းမှ ဒုရဲအုပ်သန်းလှိုင်ဝင်းက မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နော်ခူးခူးက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါး အမျိုးအစားများ၊ လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲရသည့်အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသည် လူငယ်များအတွက်အန္တရာယ်ရှိပုံနှင့် လူငယ်များမူးယစ်ဆေးသုံးစွဲခြင်းမှ ကာကွယ်နိုင်မည့် နည်းလမ်းများစသည့် အကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြသထားသော မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးနံရံကပ်စာစောင်အား ကျောင်းသားလူငယ်များက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
နော်ခူး(ပြန်/ဆက်)