ပျဉ်းမနားမြို့နယ်တွင် ပြည်သူများ ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်တွင် ပြည်သူများ ကိုဗစ်- ၁၉ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ယနေနံနက် (၈)နာရီတွင် ပျဉ်းမနားမြို့မဈေးလမ်းဆုံ၌ ဒေသခံပြည်သူများ၊ စျေးရောင်းစျေးဝယ်သူများအား Mask Campaign ပြုလုပ်ခြင်းနှင့် Mask တပ်ဆင်သွားလာရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။