ပဲခူးမြို့နယ် ကင်းပိုင်ကျုံကျေးရွာသို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုး‌ရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်

ပဲခူး  စက်တင်ဘာ  

လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ (၂၅)ဌာနပါဝင်သော စစ်ကြောင်းကြီး ()ကြောင်းဖြင့် ယမန်နေ့နံနက် ၁၀ နာရီက ပဲခူးမြို့နယ်၊ ကင်းပိုင်ကျုံကျေးရွာသို့ ကွင်းဆင်း၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စစ်ကြောင်းအဖွဲ့() လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေစိုးမိုးရေးစစ်ကြောင်းသည် ကျေးရွာပြည်သူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်()ရပ်နှင့် ဦးတည်ချက်()ရပ်အား ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခြင်း၊ ကျေးရွာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေစိုးမိုးရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ ချပြရှင်းလင်းခြင်း၊ စစ်ကြောင်းအမှတ်() အုပ်ချုပ်ရေးစစ်ကြောင်းသည် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့်တွေ့ဆုံ၍ မိမိကျေးရွာ၏ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အင်တိုက်အားတိုက်ဆောင်ရွက်ရန် ရှင်းလင်းဆွေးနွေးခြင်း၊ စစ်ကြောင်း အမှတ်() လူမှုရေးစစ်ကြောင်းသည် စာသင်ကျောင်းများသို့ သွားရောက်၍ ကျောင်း၏လိုအပ်ချက်များအား ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော ကျောင်းသား/သူများနှင့် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ စစ်ကြောင်း အမှတ်() စည်းရုံးရေးစစ်ကြောင်းသည် ဒေသခံပြည်သူများအား အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်း၊ စစ်ကြောင်းအမှတ်() ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းသည် ကျေးရွာပြည်သူများ တင်ပြသည့် ဂုံမင်းစမ်း-ကင်းပိုင်ကျုံ-ကျောက်တန်း ကျေးရွာချင်းဆက်လမ်းနှင့် ကုန်ထုတ်လမ်း အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းစစ်ဆေးတိုင်းတာခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ စစ်ကြောင်း()ကြောင်းတွင် ပါဝင်သော ဌာနဆိုင်ရာများက ကျေးရွာပြည်သူများအား အိမ်သုံးဆပ်ပြာ ပြုလုပ်နည်း၊ သီးပင်စားပင် ကိုင်းကူး ကိုင်းဆက်နည်း၊ ကျွဲ/နွား အစာအတွက် နေဗီရာမြက် မွေးမြူနည်းတို့အား လက်တွေ့ပြသ သင်ကြားပေးခြင်း၊ မိသားစုဝင်ငွေ တိုးတက်ရရှိရေးအတွက် ဒေသကြက်(တိုင်းရင်းကြက်)အား စီးပွားဖြစ်မွေးမြူရေး စည်းရုံးဆွေးနွေး ခြင်း၊ ကျေးရွာရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၁၁)ဦးအား အိမ်တိုင်ရာရောက် သွားရောက် တွေ့ဆုံ၍ ဆေးဝါးနှင့်အာဟာရအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်စီစဉ်မှုဖြင့်  ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချနေသည့် ဆန်၊ဆီ၊ ကြက်ဥ နှင့်ငါးများအား ကျေးရွာပြည်သူများသို့ တစ်ပါတည်း ရောင်းချပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲသို့ ဒေသခံပြည်သူအင်အား(၃၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး ကျေးရွာနေ ပြည်သူများအတွက် အိမ်ထောင်စုစာရင်း(၄၅)ခု၊ နိုင်ငံသားစိစစ်ရေးကတ်(၈၀)ခု ပြုလုပ်ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ကျေးရွာပြည်သူနှင့် ကျောင်းသား/သူ (၂၂၄)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)