ရွှေပြည်သာ စက်တင်ဘာ ၇
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် အမှတ်(၁၇)ရပ်ကွက်၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ယနေ့နံနက်ပိုင်းတွင် Mobile Market ဈေးကားဖြင့် ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
Mobile Market ဈေးကားဖြင့် ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်ချပေးနေမှုအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ဈေးရောင်းချမှု အဆင်ပြေစေရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေမျိုးထွန်း