စမ်းချောင်းမြို့နယ်၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

စမ်းချောင်း   စက်တင်ဘာ  

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်း က  စက်တင်ဘာ()ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာတတ်မြောက်ရေးနေ့ အသိပညာပေး Talk  Show ကို  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး  Talk  Show  တွင် ပြန်ကြားရေးနှင့်ပြည်သဆက်ဆံရေးဦးစီးဌာနမှ  အငယ်တန်းစာရေး ဒေါ်ဖြူဖြူဖွေး က နိုင်ငံတကာ စာတတ်မြောက်ရေးဖြစ်ပေါ်လာပုံ၊ မြန်မာနိုင်ငံ၌လည်း စာတတ်မြောက်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ပုံများ၊  မြန်မာနိုင်ငံအနေနဲ့ ရရှိခဲ့တဲ့  ဆုတွေအကြောင်း ဗဟုသုတရရှိစေရန်အတွက် မေးမြန်းခဲ့ရာ စာရေးဆရာမ ပေါက်ပေါက်က မြန်မာနိုင်ငံတွင် စာတတ်မြောက်ရေးလှုပ်ရှားမှုများကို ခေတ်အဆက်ဆက် ပြုလုပ်ခဲ့ပုံများ၊ စာတတ်မြောက်ရေးလှုပ်ရှားမှု အကျိုးကျေးဇူးများကြောင့် နိုင်ငံဖွံဖြိုးရေးအတွက်များစွာ အထောက်အကူဖြစ်ကြောင်း၊    ကျန်းမာရေးအသိပညာများ ရှိလာစေမည့် စာဖတ်ခြင်း၊ ဗဟုသုတ ရှာမှီးခြင်းတို့ကို အစဉ်အမြဲ လေ့လာဆည်းပူးနေကြရမည်ဖြစ်ကြောင်း  အသိပညာပေးခဲ့ကြောင်း သိရသည်။

ခင်ငြိမ်းချမ်းဝင်း